ဒီပို့စ်မှာ စာသင်ခန်းထဲမှာ အသုံးချနိုင်မဲ့ ပျော်ရွှင်ပြီး တက်ကြွလန်းဆန်းလာစေမဲ့ လှုပ်ရှား ကစားနည်းတွေကို စာရင်းပြုစု ဖော်ပြပေးသွားပါမယ်။ ကျောင်းသားတွေအတွက် အပန်းပြေ ပြီး လှှုပ်ရှား ကစားနိုင်မဲ့ အနားယူချိန် ဖြစ်စေမှာပါ။ အဲလို လှှုပ်ရှားကစားချိန် အနည်းငယ်ပေးခြင်းအားဖြင့် နောက်တစ်နာရီမှာ သင်မဲ့ သင်ခန်းစာအတွက် တက်တက်ကြွကြွနဲ့ အာရုံစူးစိုက်နိုင်မှာ ဖြစ်ပါတယ်။
စာသင်ခန်းတွင်း ကစားခြင်းကို ဘယ်အချိန်မှာ ပြုလုပ်သင့်သလဲ?
သင့်ရဲ့ သင်ကြားမှှုအပေါ် ကျောင်းသားတွေဟာ ဂရုစိုက် နားထောင်ခြင်း မရှိတော့ဘူး။ သင်ခန်းစာအပေါ် အာရုံစိုက် နားထောင်ခြင်း မရှိတော့ပဲ စကားများလာတယ်။ ကျောင်းသားတွေ သင်ခန်းစာအပေါ် အာရုံစိုက်မှှု မရှိပဲ စိတ်ပျံ့လွင့် စေတဲ့ အကြောင်းအချက် များစွာရှိတယ်။
- ကျောင်းဆင်းဖို့ တစ်နာရီလောက်ပဲ လိုခြင်း( ကျောင်းဆင်းခါနီး နောက်ဆုံးအချိန်)။
- သောင်္ကြာနေ့နေ့လည်ဖြစ်ခြင်း။
- နေ့လည်စာ စားပီးဖြစ်လို့ ငိုက်မြည်းခြင်း။
- တနင်္လာနေ့ မနက်ဖြစ်ခြင်း။
- သင်နေတဲ့ အကြောင်းအရာက ပြင်းရိငြီးငွေ့ဖွယ်ကောင်းခြင်း။
- သင်နေတဲ့ အကြောင်းအရာက ငါနဲ့ မဆိုင်ဟု ခံစားနေရခြင်း။
- ကျောင်းသားနှင့် အပြန်အလှန်ဆွေးနွေးပြောဆို သင်ကြားခြင်း မရှိပဲ တစ်ယောက်ထဲ အချိန်ကြာမြင့်စွာ သင်ကြားနေခြင်း။
- ကျောင်းသားတွေဟာ ပင်ပန်းနေတယ် ဒါမှမဟုတ် ညကအိပ်ရေးမဝခဲ့ခြင်း။
စသဖြင့် အကြောင်းအရာ အမျိုးမျိုး ရှိပါတယ်။
သင့်အနေနဲ့ သင့်စာသင်ခန်းထဲက ကျောင်းသားတွေဟာ အထက်ပါအချက်တွေထဲက တစ်ချက်ချက်ကြောင့် သင်နေတဲ့ စာအပေါ်မှာ စိတ်ဝင်စားမှှု မရှိတော့ဘူးဆိုရင် ကိုယ်လက်လှှုပ်ရှား ကစားခြင်း လုပ်ဖို့ စဉ်းစားရတော့မှာပါ။
စာသင်ခန်းတွင်းကစားနည်းတွေဟာ ကျောင်းသားတွေအတွက် ပျော်ရွှင်စရာကောင်းပါတယ်။ ဒါပေမဲ့ ကျောင်းသာတွေရဲ့ အသက်အရွယ် ကွာခြားမှှုကို ထည့်သွင်းစဉ်းစားဖို့လဲ အရေးကြီးပါတယ်။ ဒါကြောင့် အသက်အရွယ် မရွေးကစားနိုင်တဲ့ ကစားနည်း တွေကို ဥပမာအနေနဲ့ ရွေးချယ်ဖော်ပြပေးလိုက်ပါတယ်။ သင့်ကျောင်းသားတွေဟာ ကစားနည်းတွေ ကစားဖို့ အသက်ကြီးနေပီလို့တော့ အလျင်စလို မဆုံးဖြတ်ပါနဲ့။
အထက်တန်းကျောင်းသားများအတွက် ကစားနည်းများ
၁။ ငါ့ကိုလိမ်
ဒီကစားနည်းကတော့ သင့်ကျောင်းသားတွေအကြောင်းကို ပိုပြီး ကောင်းကောင်းသိစေဖို့အတွက် ပျော်ရွှင်ဖွယ်နည်းလေးတစ်ခုပါ။ သူတို့ဘယ်မှာနေတယ် ဒါမှမဟုတ် အစ်ကို ရှိတယ် ညီရှိတယ် စသဖြင့် အခြေခံအကြောင်းအရာ အဖြစ်မှန်တွေကို ပုံတိုပတ်စတစ်ခုအနေနဲ့ ပြောပြမယ်။
ကျောင်းသားတွေဟာ သူတို့ဘဝ နဲ့ သက်ဆိုင်တဲ့ အချက် ၃ ချက်ကို ပြောပြမယ်။ ၂ ခုက ဖြစ်ရပ်မှန်။ ၁ ခုကတော့ လိမ်ပြောမယ်။ အခြားကျောင်းသားတစ်ယောက်က သူ ဘယ်ဟာကို လိမ်ပြောတယ်ဆိုတာကို ဖော်ထုတ်ရမယ်။ တစ်ချို့ တကယ့် အဖြစ်အပျက်တွေဟာ ကြောင်တောင်တောင် နိုင်တယ်ဆိုတာကို အံသြဖွယ် သိရလိမ့်မယ် ဒါမှမဟုတ် သင့်တပည့်တွေ ဘယ်လောက် အလိမ်ကောင်းတယ်ဆိုတာ သိရလိမ့်မယ်။
၂။ ကုလားထိုင်ပေါ် တန်းစီမယ်
ဒီစာသင်ခန်းတွင်းကစားနည်းကတော့ ကျောင်းသားအရေအတွက်ပေါ်မူတည်ပီးတော့ ချောင်ချောင်လည်လည် ကစားလို့ ရမဲ့ နေရာအကျယ်အဝန်းလိုပါတယ်။ ကျောင်းသားတစ်ယောက်ချင်းစီကို ကုလားထိုင်တစ်လုံးစီပေးထားရပါမယ်။ ကုလားထိုင်အားလုံးဟာ တစ်တန်းထဲ ဖြစ်နေရပါမယ်။ ကျောင်းသားအားလုံးဟာ ကုလားထိုင်ပေါ်မှာ မတ်တတ်ရပ်နေရပါမယ်။ အဲဒီနောက် ဆရာက သူတို့ကို သတ်မှတ်အစီအစဉ်အတိုင်း မတ်တတ်ရပ်ဖို့ ပြောရပါမယ်။ ဥပမာ ငယ်စဉ်ကြီးလိုက် စီမယ်။ ကျောင်းသားတွေဟာ မိမိရပ်နေတဲ့ ကုလားထိုင်ကနေ မြေကြီးကို မထိပဲ နေရာ ပြောင်းရပါမယ်။ ( သတိပြုရန်။ ကုလားထိုင်တွေအားလုံးဟာ တဆက်ထဲဖြစ်နေသင့်တယ်လို့ ယူဆပါတယ်။)
ဒီကစားနည်းကနေ ကျောင်းသားတွေဟာ တစ်ယောက်နဲ့တစ်ယောက် ပိုပီးတော့ ကောင်းကောင်း သိလာနိုင်ပါတယ်။ ဆရာက အခြား နည်းလမ်းနဲ့လဲ သူတို့ကို ခိုင်းနိုင်ပါတယ်။ ဥပမာ အရပ်ရှည်ရာမှ အရပ်ပုရာကို စီပါ။ ကျောင်းသားတွေဟာ ကုလားထိုင်ပေါ်ကနေအခြားကုလားထိုင်စီကို နေရာတွေ ပြောင်းတိုင်း အချင်းအချင်း တွန်းမချမိအောင် သတိထားပီး ပြောင်းရပါမယ်။ ကစားနည်းကို ပိုပီး စိန်ခေါ်မှှုတွေ ပေးချင်ရင် အချိန် ကန့်သတ်ပေးလို့ ရပါသေးတယ်။
(မှတ်ချက်။ ကုလားထိုင်တွေ မသုံးချင်ရင် မြေကြီးပေါ်မှာ မတ်တတ်ရပ်ပီး အစဉ်လိုက် တန်းစီခိုင်းရင်လဲ ရပါတယ်။)
၃။ ခန့်မှန်းဆွဲမယ်
ကျောင်းသား အတွဲတစ်ခုရှိမယ်။ တစ်ယောက်နဲ့တစ်ယောက် ကျောခြင်းကပ်ထားတယ်။ ကျောင်းသားတစ်ယောက်ဆီမှာ သင်ပေးထားတဲ့ ဆွဲပီးသားပုံတစ်ပုံရှိတယ်။ အဲဒီပုံဟာ သင်ရဲ့ သင်ခန်းစာနဲ့ သက်ဆိုင်တဲ့ ပုံဖြစ်တယ်။
အဲဒီပုံကို ကိုင်ထားတဲ့ ကျောင်းသားဟာ သူ့ရဲ့အတွဲ ကျောခြင်းကပ်ထားတဲ့ သူငယ်ချင်းကို သူကိုင်ထားတဲ့ ပုံနဲ့ ပတ်သက်လို့ ညွှန်ကြားချက်ကောင်းကောင်းပေးရမယ်။ သူ့ရဲ့ ကျောခြင်းကပ်က သူငယ်ချင်းဟာ မူရင်းပုံကို မကြည့်ပဲ ဆွဲရမယ်။ ဘယ်လိုပုံထွက်လာမလဲ မသိချင်ဘူးလား။
ဒီကစားနည်းကို သင်ခန်းစာ ပြန်လှန်လေ့ကျင့်ခြင်း ကစားနည်းအနေနဲ့ ကစားချင်ရင် ပုံဆွဲနေတဲ့ ကျောင်းသားအတွဲကို အဲဒီပုံရဲ့ အကြောင်းကို တစ်ခန်းလုံးကို ရှင်းပြခိုင်းလို့ရပါတယ်။
၄။ ကွက်လပ်ဖြည့်ပါ
ကျောင်းသားတွေကို အုပ်စု ၄ခု ခွဲပါ။ သူတို့ကို ပေးထားတဲ့ အဖြေရေးထားတဲ့ ကဒ် ၄ ခု ဖြည့်ဖို့ ကွက်လပ်လေးခု ထားပါ။ အဲဒီအဖြေလေးခုဟာ ဒီနေ့သင်ခန်းစာ နဲ့ သက်ဆိုင်တဲ့ အဖြေတွေဖြစ်ဖို့လိုပါတယ်။ ( အဲဒီအဖြေတွေဟာ ပုံ၊စကားလုံး၊ဂဏန်း စသဖြင့်….)
အဲဒီနောက်မှာတော့ ပြန်လှန်လေ့ကျင့်ခန်းနဲ့ ကျောင်းတွင်းကစားနည်း တစ်ခုအနေနဲ့ ကျောင်းသားတွေကို ကွက်လပ်ဖြည့် ကစားနည်း ပေးကစားနိုင်ပါပီ။ နောက်တစ်နည်းအနေနဲ့ သင်ခန်းစာ စာအုပ်ထဲက ပုံတစ်ပုံကို ဖြတ်တောက်ပီးတော့လဲ ဖြတ်တောက်ထားတဲ့ စာရွက် အပိုင်းအစလေးတွေနဲ့ ကွက်လပ်ဖြည့် ကစားနည်း ကစားလို့ ရပါတယ်။
တက္ကသိုလ်ကျောင်းသားများအတွက် ကျောင်းတွင်းကစားနည်း
အရွယ်ရောက်နေတဲ့ ကျောင်းသားတွေမှာတောင် ကျောင်းတွင်းကစားနည်းတွေ
ကစားပြီး တက်ကြွလာအောင်လုပ်ဖို့ လိုအပ်ပါတယ်။ ကောလိပ်၊တက္ကသိုလ်ကျောင်းသားတွေဟာ နားချိန် သိပ်မရကြပါဘူး။ အဲလို နားချိန်မရခြင်းဟာ တစ်စုံတစ်ခုကို အာရုံစိုက်ဖို့ ခက်ခဲစေပါတယ်။ ကျောင်းတွင်းကစားနည်းတွေကို သူတို့ မုန်းတယ်လို့ သင်ထင်နေတယ်ဆိုရင် တော့ သင်မှားပါတယ်။ လူဦးရေ နဲနဲနဲ့ သင်ရတဲ့ စာသင်ခန်းလေးတွေဟာကောင်းပါတယ် ဒါပေမဲ့ ကျောင်းတွင်း ကစားနည်းလေးတွေကတော့ သင်ရဲ့ စာသင်ခန်းကို တက်ကြွလှှုပ်ရှားနေစေမှာပါ။
၅။ Likeable Lucie
ကျောင်းသားတွေဟာ သူတို့ကိုယ် သူတို့ ဖော်ပြမဲ့ နာမဝိသေ သနတွေကို စဉ်းစားရပါမယ်။ အဲဒီ နာမဝိသေသနဟာ သူတို့နဲ့ ကိုက်ညီရမှာဖြစ်သလို သူတို့ နာမည်အစစာလုံးလဲဖြစ်ရပါမယ်။
ကျောင်းသားတွေဟာ အားလုံးရဲ့ နာမည်ကို မှတ်မိနေရပါမယ်။ ပထမဆုံး ကျောင်းသားဟာ သူ့ရဲ့ နာမည်ကို ပြောပါမယ်။ ဒါပေမဲ့ ဒုတိယမြောက်ကျောင်းသားနဲ့ နောက်ဆုံးကျောင်းသားဟာ သူတို့ရဲ့ နာမည်ကို မပြောခင် ပြောသွားခဲ့တဲ့ ကျောင်းသားတွေရဲ့ နာမည်ကိုပြန်ရွတ်ပြရပါမယ်။ နောက်ဆုံးကျောင်းသားအတွက်ကတော့ အခက်ဆုံးဖြစ်ပါမယ်။ ( အင်္ဂလိပ် လိုကော မြန်မာလိုကော ဆော့နိုင်ပါတယ်)
ဥပမာ 1.Likeable Lucie 2. Likeable Lucie and Precious Petra. 3. Likeable Lucie, Precious Petra and Tiny Tom…
၆။ မဖြေရ
ကျောင်းသားတွေကို စက်ဝိုင်းပုံရပ်ခိုင်းပါ။ ကျောင်းသားတစ်ယောက်က စပီးတော့ ဆက်တိုက်သွားပါမယ်။ ကျောင်းသားတစ်ယောက်က အခြားတစ်ယောက်ကို မေးမယ်။ ဥပမာ မင်းရဲ့ စိတ်ပျက်စရာအကောင်းဆုံး အကျင့်ကဘာလဲ။ ဒါပေမဲ့ အမေးခံရတဲ့ ကျောင်းသားက မဖြေရပါဘူး အမေးခံရတဲ့ သူရဲ့ ဘယ်ဘက်က ကျောင်းသားက ဖြေရပါမယ်။ ဖြေတဲ့အခါမှာလဲ မေးတဲ့ မေးခွန်းကို မဖြေရပါဘူး။ မေးတဲ့မေးခွန်းရဲ့ အဖြေမဟုတ်တဲ့ အခြား ဖြေချင်တဲ့မေးခွန်းကို ကိုယ့်ဘာသာ စိတ်ကူးဥာဏ်ကွန့်မြူးပီး ဖြေရမှာပါ။ ပျော်စရာ ကောင်းပါတယ်။
၇။ Comment ပေးပါ
ကျောင်းသားတစ်ယောက်ချင်းစီရဲ့ နောက်ကျောဘက်မှာ စာရွက်အကြီးကြီး တစ်ရွက်ကို ကပ်ထားမယ်။ ကျောင်းသားတိုင်းဟာ အခြား ကျောင်းသားတိုင်းရဲ့ နောက်မှာ ရှိတဲ့ စာရွက်မှာ သူနဲ့ ပတ်သက်ပြီး ကိုယ်ရဲ့ထင်မြင်ချက် ကိုရေးမယ်။ လူတိုင်းရဲ့ နောက်ကျောဘက်က စာရွက်တွေကို လိုက်ရေးမယ် တစ်ယောက်မှ မကျန်ခဲ့ စေရဘူး။ အဲဒီနောက်မှာတော့ ကျောင်းသားတွေဟာ ကိုယ့်နောက်ကျောက စာရွက်မှာ သူငယ်ချင်းတွေရေးထားတဲ့ မှတ်ချက်တွေကို ဖတ်ကြည့်နိုင်ပါတယ်။
၈။ ရေတွက်ပါ
ကျောင်းသားတွေဟာ ၁ ကနေ ၂၀ ထိအော်ပြီးရေမယ်။ အစဉ်လိုက် စီစဉ်ထားတာမရှိဘူး။ ကျောင်းသားတွေဟာ နံပါတ်တွေကို အစဉ်လိုက် အော်ချင်တဲ့သူက အော်ချင်တဲ့အချိန်မှာ အော်ပြီး ရေတွက်သွားမယ်။ ဒါပေမဲ့ ကျောင်းသား ၂ ယောက်က တပြိုင်နက် အော်ပြီး ရေမိသွားရင် ၁ ကနေပြန်စပီး အော်ရမယ်။ ၂၀ ထိရောက်ဖို့ ဘယ်လောက်ကြာမယ်ထင်လဲ။ ( A ကနေ Z ထိလဲ ရေတွက်ခိုင်းလို့ရတယ်။ ကျောင်းသားအားလုံးကို မျက်စိမှိတ်ပီး ရေတွက်ခိုင်းလို့ ရသလို မျက်စိဖွင့်ပီးလဲ ရေတွက်ခိုင်းလို့ရတယ်)
၉။ ကွဲပြားပါစေ
ဒီစာသင်ခန်းတွင်းကစားနည်းကတော့ သူများနဲ့မတူ တမူထူးခြားကွဲပြားမှုတွေကို ပြောပီး တစ်ယောက်နဲ့တစ်ယောက်ပိုပီး သိလာကြမှာပါ။ ကျောင်းသားအားလုံး စက်ဝိုင်းပုံစံ ရပ်ရပါမယ်။ ကျောင်းသားတစ်ယောက်ချင်းစီဟာ သူတို့ရဲ့ သူများနဲ့ မတူတဲ့ ကွဲပြားတဲ့ အချက်ကို ပြောရပါမယ်။ ဥပမာ ကျွန်တော့်မှာ အစ်ကို ၄ ယောက်ရှိတယ်။ အကယ်၍ အခြားကျောင်းသား တစ်ယောက်ယောက်မှာလည်း အစ်ကို ၄ ယောက်ရှိခဲ့ရင် ဒီအဆိုကို မျှဝေခဲ့တဲ့ ကျောင်းသားဟာ ထိုင်ရပါမယ်။ ရည်ရွယ်ချက်ကတော့ ကြာကြာရပ်နိုင်သမျှ ရပ်နိုင်အောင် ကြိုးစားရင်း ကိုယ့်ရဲ့ သူများနဲ့မတူ တမူထူးခြားတဲ့ အကြောင်းအရာအချက်အလက်တွေကို မျှဝေပေးနိုင်ဖို့ဖြစ်ပါတယ်။
နောက်ထပ် စာသင်ခန်းတွင်း ကစားနည်းတွေကို လိုချင်သေးတယ်ဆိုရင် အောက်ကလင့်တွေမှာ ရှာဖွေနိုင်ပါတယ်။
http://www.eatsmartmovemorenc.com/Energizers/Texts/Energizers_K-5_2015.pdf
https://fr.slideshare.net/vickthorr/100-energizers
https://www.bookwidgets.com/blog/2016/08/5-fun-back-to-school-icebreakers-for-the-first-school-day
Let’s get your class active.
https://www.bookwidgets.com/blog/2016/10/15-fun-classroom-energizers-for-students ကို သင့်လျော်သလိုဘာသာပြန်သည်။
No comments:
Post a Comment