၁။တည်နေရာနှင့်အကျယ်အဝန်း
အစိုးရနည်းပညာအထက်တန်းကျောင်း(မကွေး)သည်မကွေးတိုင်းဒေသကြီး၊မကွေး မြို့၊ကံပြားကျေးရွာအနီးတွင် နည်းပညာတက္ကသိုလ်(မကွေး)နှင့် ကျောင်းဝန်းတစ်ခုတည်း တွင် တည်ရှိပါသည်။မကွေးမြို့မှ (၇)မိုင်ကွာဝေးပြီး ရန်ကုန်-ပြည်-မန္တလေးကားလမ်းဘေး မှ (၄)ဖာလုံအကွာတွင် တည်ရှိပါသည်။အကျယ်အဝန်းအားဖြင့်(၇.၉၈)ဧကခန့်ကျယ်ဝန်း ပါသည်။
၂။ရည်မှန်းချက်နှင့်ရည်ရွယ်ချက်
နိုင်ငံတော်အတွင်းတိုင်းဒေသကြီး နှင့် ပြည်နယ်ဒေသအသီးသီးတွင် လူငယ်လူရွယ် များအတွက် အခြေခံပညာအထက်တန်းအဆင့်(၈ တန်းအောင်) မှာပင် နည်းပညာဘာသာရပ်များ လေ့လာ သင်ကြားခွင့်ရရှိစေရန် ၊ အသက်မွေးဝမ်းကျောင်းပြုနိုင်သည့် အတတ်ပညာများ လေ့ကျင့် သင်ကြားပေးနိုင်ရန်နှင့်ဒေသအတွင်းအရည်အချင်းပြည့်ဝသောကျွမ်းကျင်လုပ်သားအများအပြားမွေးထုတ်ပေးနိုင်ရန်တို့ဖြစ်ပါသည်။
ထို့အပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်ဒေသအသီးသီးရှိအခြေခံပညာသင်ယူအောင် မြင်ပြီးအကြောင်းအမိုျးမိုျးကြောင့်အလယ်တန်းပညာဆက်လက်သင်ယူခွင့်မရကြသူများ၊ အလယ်တန်းပညာပြီးဆုံးအောင် သင်ယူခွင့် မရကြသူများအတွက် ဘက်စုံသက်မွေးပညာ သင်ဌာန (Polytechnic Center) အဖြစ် အသက်မွေးဝမ်းကျောင်းပညာရပ်များကိုလည်း ဒေသ၏ လိုအပ်ချက်အပေါ်မူတည်၍ အခမဲ့ ဖွင့်လှစ်ပေးလျှက်ရှိပါသည်။အစိုးရနည်း ပညာအထက်တန်းကျောင်း အောင်လက်မှတ် ရပြီးသူများ (သို့မဟုတ်) Polytechnic Center မှ သင်တန်းဆင်းလက်မှတ်ရရှိပြီးသူများအား အလုပ်အကိုင်အခွင့်အလမ်းများ ရရှိအောင် ကူညီဆောင်ရွက်ပေးသွားပါမည်။
၃။သင်ကြားပေးလျက်ရှိသော အဓိကဘာသာရပ်များ
အစိုးရနည်းပညာအထက်တန်းကျောင်း (မကွေး) တွင် သင်ကြားပို့ချလျက်ရှိသော ဘာသာရပ်များမှာ
၁။အဆောက်အဦးနည်းပညာသင်တန်း (Building Technology)၊
၂။ မော်တော်ယာဉ်၊အင်ဂျင်ပြုပြင်မှုနည်းပညာသင်တန်း(Auto Mechanics Technology)၊
၃။အီလက်ထရောနစ်နည်းပညာသင်တန်း(Electronics Technology)၊
၄။လျှပ်စစ်နည်းပညာ သင်တန်း (Electrical Technology)၊
၅။သုတနည်းပညာသင်တန်း (Information Technology)၊
၆။စက်ပစ္စည်းခုတ်စား၊ထုတ်လုပ်ခြင်းနည်းပညာသင်တန်း (Machining Technology)များဖြစ်ပါသည်။
ဒေသ၏လူ့စွမ်းအားအရင်းအမြစ်များပြုန်းတီးမှု မရှိစေရေးအတွက် အခါအားလျော်စွာ ကာလတိုသင်တန်းများဖွင့်လှစ်၍ လူငယ်လူရွယ်များအား အသက်မွေးဝမ်းကြောင်းပညာများ သင်ကြားပေးလျှက်ရှိပါသည်။
၄။သင်တန်းဝင်ခွင့်အရည်အချင်း
အခြေခံပညာအလယ်တန်းအဆင့်(၈တန်း)အောင်မြင်သူဖြစ်ရမည်။အစိုးရနည်းပညာအထက်တန်းကျောင်း(မကွေး)မှ စစ်ဆေးသည့် ဝင်ခွင့်စာမေးပွဲဖြေဆိုအောင်မြင်ပြီးမှ ပထမနှစ်သင်တန်းသို့ တက်ရောက်ခွင့်ရရှိမည်ဖြစ်သည်။ သင်တန်းတက်ရောက်ခွင့်ရရှိသော ကျောင်းသား၊သူ များသည် ကျောင်းစည်းကမ်းများကိုလိုက်နာ၍ ကျောင်းတက်မှန်ကန်ပါက လစဉ်ပညာသင်ထောက်ပံ့ကြေး(၃၀၀၀၀)ကျပ်ခံစားခွင့်ရရှိမည်ဖြစ်သည်။
၅။သင်တန်းကာလ
ပထမနှစ်နှင့်ဒုတိယနှစ်သင်တန်း စုစုပေါင်း(၂)နှစ် တက်ရောက်ရမည်။ထူးချွန်စွာအောင်မြင်သော ကျောင်းသား၊သူများအား အစိုးရစက်မှှုလက်မှှုသိပ္ပံများသို့ သက်ဆိုင်ရာ ကျောင်း၏ ကျောင်း ဝင်ခွင့်ရွေးချယ်ရေးမူများအတိုင်း တက်ရောက်စေပြီး ရိုးရိုးအောင်မြင်သူများအား အစိုးရနည်းပညာအထက်တန်းကျောင်း(မကွေး)မှ အောင်မြင်ပြီးမြောက်ကြောင်းအသိအမှတ်ပြုအောင်လက်မှတ်ထုတ်ပေး၍ အလုပ်အကိုင်များရရှိအောင် ကူညီပေးသွားမည် ဖြစ်ပါသည်။

No comments:
Post a Comment