GTIတက်ရောက်လိုသူများ လေ့လာနိုင်ရန်




GTIတက်ရောက်လိုသူများ လေ့လာနိုင်ရန်
=====================================
အင်ဂျင်နီယာသင်တန်းတက်ရောက်လိုသူများအတွက် TUကျောသ်းများအပြင် GTIကျောင်း(22)ကျောင်းကို မြန်မာနိုင်ငံတွင်ဖွင့်လှစ် သင်ကြားပေးလျှက်ရှိသည်။ထို့ပြင် နှစ်ပေါင်းတစ်ရာကျော်သက်​တမ်​းရှိသည့် အင်းစိန်GTIကျောင်းကို ပြန်လည်ဖွင့်လှစ်ပြီး တက်ရောက်လိုသူများအနေဖြင့် ဝင်ခွင့်စာမေးပွဲဖြေဆိုရမည်ဟု ကြားသိရပါသည်။

လျှောက်ထားသူသည်--
၁။ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားဖြစ်ရမည်။

၂။အကျင့်စာရိတ္တကောင်းမွန်ပြီး ကိုယ်လက်အင်္ဂါသန်စွမ်းကျန်းမာသူ ဖြစ်ရပါမယ်။

၃။တက္ကသိုလ်ဝင်စာမေးပွဲတွင် အောက်ဖော်ပြပါ ဘာသာတွဲဖြင့် အောင်မြင်သူ ဖြစ်ရပါမယ်။
(က)မြန်မာစာ၊အင်္ဂလိပ်စာ၊သင်္ချာ၊ဓာတု၊ရူပ၊ဘောဂ
(ခ)မြန်မာစာ၊အင်္ဂလိပ်စာ၊သင်္ချာ၊ဓာတု၊ရူပ၊သမိုင်း
(ဂ)မြန်မာစာ၊အင်္ဂလိပ်စာ၊သင်္ချာ၊ဓာတု၊ရူပ၊စိတ်ကြိုက်မြန်မာစာ
(ဃ)မြန်မာစာ၊အင်္ဂလိပ်စာ၊သင်္ချာ၊ဓာတု၊ရူပ၊ဇီဝဗေဒ
(င)မြန်မာစာ၊အင်္ဂလိပ်စာ၊သင်္ချာ၊ဓာတု၊ရူပ၊ပထဝီဝင်

၄။တက္ကသိုလ်စာမေးပွဲတွင် ရရှိခဲ့သည့် အင်္ဂလိပ်စာ၊သင်္ချာစုစုပေါင်း ရမှတ်ပေါ်မူတည်၍ ရွေးချယ်မည်ဖြစ်သည်။

@(=>အမှတ်သတ်မှတ်ထားခြင်း လုံးဝ လုံးဝ မရှိပါ။အင်္ဂလိပ်စာ၊သင်္ချာနှစ်ဘာသာပေါင်း အများဆုံးရရှိသူအစဉ်အလိုက်ရေတွက်သွားပြီး သက်ဆိုင်ရာကျောင်း၏ ခေါ်ယူသော သတ်မှတ်လူဦးရေ
ပြည့်လျှင် ကျန်လူများကိုလက်ခံစဉ်းစားခြင်း မပြုခြင်းသာရှိသည်။ထို့ကြောင့် မည်သည့်အမှတ်ရမှ လျှောက်ထားနိုင်သည် ရနိုင်သည်မရှိပါ။သတ်မှတ်ဦးရေ၊လျောက်ထားသူဦးရေ၊လျောက်ထားသူများ၏အမှတ် မိမိရရှိသောအမှတ်နှင့်သာ သတ်ဆိုင်မည်ဖြစ်သည်။)

၅။အစိုးရနည်းပညာအထက်တန်းကျောင်း(GTHS)မှ အောင်မြင်သူများလည်း လျောက်ထားနိုင်သည်။

@(=>အရင်စနစ်တွင် star(အထူးအောင်မြင်သူ)များသာ တက်ရောက်ခွင့်ပြု ပြီး ယခုစနစ်တွင် မရှိဟုလည်းသိရှိရသည်။တိတိကျကျမသိပါ။)<=@

၆။နည်းပညာကောလိပ်၊စက်မှုလက်မှုသိပ္ပံများအလိုက် ဖွင့်လှစ်သင်ကြားပေးမည့်သင်တန်းများမှာ အောက်ပါအတိုင်းဖြစ်သည်။

(က)။မြို့ပြအင်ဂျင်နီယာ
(ခ)။ အီလက်ထရောနစ်အင်ဂျင်နီယာ
(ဂ)။ လျှပ်စစ်အင်ဂျင်နီယာ
(ဃ)။စက်မှုအင်ဂျင်နီယာ
@(=>တချို့ကျောင်းများတွင် သတင်းအချက်အလတ်နှင့် နည်းပညာအင်ဂျင်နီယာ သင်တန်းများရှိသေးသည်။)<=@

၇။ သုံးနှစ်ဖြစ်သည်။သင်တန်းတက်ရောက်ပြီးဆုံးပါက ဒီပလိုမာအောင်လက်မှတ်ပေးအပ်မည်ဖြစ်သည်။
@(=>သင်တန်းတက်ရောက်နေစဉ် တစ်လလျှင်သုံးသောင်းကျပ်ထောက်ပံမည်ဖြစ်သည်။စာမေးပွဲကျရှုံးခြင်း၊ကျောင်းတက်ရာနူန်းမပြည့်ခြင်း ပထနှစ်ဝက်စာမေးပွဲမဖြေဆိုခြင်း ကျောင်းထုတ်ခံရခြင်းတို့တွင် ၎င်းနှစ်အတွက်ထောက်ပံကြေးမရရှိပါ<=)@

၈။ဝင်ခွင့်လျှောက်လွှာများကို သက်ဆိုင်ရာနည်းပညာကောလိပ်၊ စက်မှုလက်မှုသိပ္ပံများတွင် ထုတ်ယူရရှိနိုင်သည်ဟုကြေညာသည့်ရက်မှ နောက်ဆုံးလက်ခံသည့်နေ့အတွင်း သီးခြားထုတ်ယူ လျောက်ထားနိုင်သည်။
@(=>တက္ကသိုလ်ဝင်ခွင့် လျောက်လွှာများတွင် ထည့်သွင်းလျှောက်ထားရန်မလိုပါ။လျောက်ထားနိုင့်မည့်နေရက်နှင့် ကျောင်းအလိုက်လက်ခံနိုင်မည့်ဦးရေကိုသတင်းစာတွင် သီးခြားကြေညာပါသည်။<=)@

၉။လျှောက်လွှာနှင့်အတူ အောက်ပါအချက်အလတ်များ ပူးတွဲတင်ပြရမည်။

(က)။လျောက်ထားသူ၏ နိုင်ငံသားစီစစ်ရေးကဒ်ပြားမိတ္တူ

(ခ)။အကျင့်စာရိတ္တကောင်းမွန်ကြောင်း သက်ဆိုင်ရာရပ်ကွက် သို့ ကျေးရွာအုပ်စု ထောက်ခံစာမူရင်း၊မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ထောက်ခံစာမူရင်း၊မြို့နယ်ရဲတပ်ဖွဲ့စခန်းမှ ထောက်ခံစာမူရင်း

(ဂ)။သက်ဆိုင်ရာမှ တရားဝင်ထုတ်ပေးထားသော တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သည့် အမှတ်စာရင်းမူရင်းနှင့် မိတ္တူ
@(=>မူရင်းစာရွက်မှာ တိုက်ဆိုင်စစ်ဆေးမည်ဖြစ်သောကြောင့် မမေ့မလျော့ယူခဲ့စေလိုပါသည်။<=)@

(ဃ)ပတ်စပို့အရွယ် ရောင်စုံဓာတ်ပုံသုံးပုံ။
@(=>လေးငါးပုံတော့ယူခဲ့စေချင်သည်။နားရွက်ဆံပင်မဖုံးစေပဲ
အဖြူအင်္ကျီနှင့် သပ်သပ်ရပ်ရပ်ဆိုလျှင် ပိုမို့သင့်တော်သည်။<=)@

အခွင့်အလမ်းများ

ဘီအီးပေါင်းကူရှိခြင်း။တနိုင်ငံလုံးတွင် တစ်ဆယ်ရာနူန်းသာ ဘီအီးပေါင်းကူးအဖြစ်ခေါ်ယူဖြစ်၍ ကြိုးစားနိုင်မှရရှိမည်ဖြစ်သည်။
ပေါင်းကူးပါသူများ TUကျောင်းတွင်လေးနှစ်တက်ရမည်ဖြစ်ပြီး အင်ဂျင်နီယာဘွဲ့ ရရှိမည်ဖြစ်သည်။မပါသူများအနေဖြင့် အလုပ်ခွင်ရောက်ရှိပြီး intressဖြင့်ပြန်လည်ဖြေဆိုနိုင်သည်ဟုသိရသည်။

ပညာရေးတွင် ထူးချွန်ပါက နိုင်ငံခြားသို့လေ့လာရေးခရီး စေလွှတ်ပေးခြင်း၊ပညာသင်စရိတ်နှင့်အတူ နိုင်ငံခြားပညာသင်ယူခွင့် ထောက်ပံပေးခြင်း။

နိုင်ငံတော်အစိုးရအနေဖြင့် GTIဆငး်များအတွက် အလုပ်အကိုင်အခွင့်အလမ်းများ သီးခြားစီစဉ်ဆောင်ရွက်နေခြင်းနှင့် သက်မွေးပညာရပ်အဖြစ် ကိုယ်ပိုင်စီးပွားရေးလုပ်ဆောင်နိုင်ခြင်း

စိတ်ပါဝင်စားသူတိုင်း လေ့လာနိုင်ရန် အသိပညာဗဟုသုတအဖြစ် သိသမျှအနည်းငယ်ကိုဝေမျှရေးသားထားခြင်းဖြစ်သည်။လိုအပ်ချက်၊မှားယွင်းချက်အနည်းငယ်ရှိနိုင်ပါသည်။

လေ့လာနိုင်ရန် 2016-2017ပညာသင်နှစ်တွင် နည်းပညာကောလိပ် စက်မှုလက်မှုသိပ္ပံကျောင်းနှစ်ဆယ်၏ အမည်၊ကျောင်းအုပ်ကြီး ခေါ်ယူသောလူဦးရေနှင့် ဆက်သွယ်နိုင်သော phnစုစည်းထားပါသည်။2016ခုနှစ်မှ အခက်အလတ်များကိုအခြေခံထားသောကြောင့် လွဲမှားမှုများရှိနိုင်သည်။

ကျော်ဘုန်းသန့်
စတုတ္ထနှစ် (လျှပ်စစ်)

1 comment:

  1. Gthsရိုးရိုးအောင်ရင်ရတက်လို့ရလား

    ReplyDelete

စာဖတ်သူများစိတ်အဝင်စားဆုံးပို့စ်များ